
True Lies
Harry Tasker ဆိုတာက ချစ်ဇနီး Helen ရဲ့ အိမ်ဦးနတ် …….သမီးလေး Dana ရဲ့ ချစ်ဖေဖေ… ဝါရှင်တန်ဒီစီ ရဲ့ တစ်နေရာ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့အရောင်းကိုယ်စားလှယ်တစ်ဦး…ဒါကတော့ လူတွေသိထားတဲ့ Harry Tasker အကြောင်းပါ…အမှန်ကတော့…. Harry ဟာ United State ကို ခြိမ်းခြောက်လာတဲ့အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့အေးဂျင့်တစ်ဦးပါ…Harry ဟာ အေးဂျင့်တစ်ဦးဖြစ်နေတော့ ဇနီးကို ဂရုစိုက်ချိန်မရ... ဇနီးဖြစ်သူ Helen ကလဲ ကြာတော့ အထီးကျန်ပြီး Simon လို့ခေါ်တဲ့ ကားအရောင်းဝန်ထမ်းတစ်ဦးနဲ့ ပတ်သက်ပါတော့တယ်...ဒါကို ရိပ်မိတဲ့ Harry က ဇနီး နဲ့ ပတ်သက်နေတဲ့ ယောကျာ်းကို စောင့်ကြည့်ဖို့အဖွဲ့အစည်းရဲ့ လျို့ဝှက်ကိရိယာကို အသုံးပြုခဲ့ပါတယ်... ဇနီးအပူမိနေတုန်းမှာဘဲ US ကို ခြိမ်းခြောက်လာတဲ့ ပြဿနာကြီးပေါ်လာပါတော့တယ်… ပြသနာအားလုံးကို အာနိုးကြီဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး
- နှစ်: 1994
- နိုင်ငံ: United States of America
- အမျိုးအစား: Action, Thriller
- စတူဒီယို: Lightstorm Entertainment, 20th Century Fox
- သော့ချက်စာလုံး: florida, horseback riding, gun, kidnapping, spy, florida keys, secret agent, terrorism, terrorist plot, top secret, mushroom cloud, jackhammer, special agent, key west, mischievous, suspenseful
- ဒါရိုက်တာ: James Cameron
- သွန်း: Arnold Schwarzenegger, Jamie Lee Curtis, Tom Arnold, Bill Paxton, Tia Carrere, Art Malik