
Thunderball
မင်းသားကြီးရှောင်ကွန်နရီရဲ့ ၄ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်။ သိကြတဲ့အတိုင်း ရှောင်ကွန်နရီဆိုရင် ဂျိမ်းစ်ဘွန်းနဲ့ပဲ တွဲမြင်တဲ့အထိ သက်ဝင်အားကောင်းခဲ့ပါတယ်။ သူ့ရဲ့ဘွန်းကားတွေဟာ စမတ်ကျတဲ့အပြင် ရယ်စရာ ထေ့လုံး လှောင်လုံးတွေအများဆုံးပါဝင်တာကြောင့်ဘွန်းအဆန်ဆုံးကားတွေလို့ ပြောလို့ရပါတယ်။ Action သီးသန့်မဟုတ်ဘဲ ဘက်ပေါင်းစုံက တင်ဆက်ထားနိုင်ပြီးသူ့ခေတ်မှာ အတော်ကို အံ့ဩရတဲ့ ဖန်တီးမှုတချို့ပါတင်ဆက်နိုင်ခဲ့ပါတယ်။
- နှစ်: 1965
- နိုင်ငံ: United Kingdom
- အမျိုးအစား: Adventure, Action, Thriller
- စတူဒီယို: EON Productions
- သော့ချက်စာလုံး: sea, florida, paris, france, spy, fighter pilot, bahamas, sanatorium, secret organization, nuclear missile, coral reef, secret agent, scuba diving, british spy, shark, scuba, british secret service, big ben
- ဒါရိုက်တာ: Terence Young
- သွန်း: Sean Connery, Claudine Auger, Adolfo Celi, Luciana Paluzzi, Rik Van Nutter, Guy Doleman